Friday, November 16, 2007

အားလုံးကိုမုန်းတယ်

ဒီနေ့ . . .
ကျွန်တော် မိုးလငးကတည်းက ဒေါသတွေထွက်နေသည်၊
မြင်မြင်သမျှ အကုန်ကိုမုန်းနေသည်။
ဖြစ်ချင်တော့ တစ်နေကုန်ကို တစ်လွဲတွေချည်း ဖြစ်နေသည်၊
ဖိနပ်စီးတာကစပြီး ပြသနာစပြီ။
ဖိနပ်ထဲကို အမှိုက်ဝင်နေသည်။ ပြန်ချွတ်ရပြန်ပြီ။
ထိုအမှိုက်ကို မုန်းသည်။
မုန့်ဝင်စားတော့ ရေးထားတာထက် ပိုက်ဆံပိုယူသည့် ဆိုင်ရှင်ကိုမုန်းသည်။
ရှေ့ စားပွဲက ကုလား ၃ ကောင် အတင်းပြောနေတာကို မုန်းသည်။
အအေးဝယ်သောက်တော့ လိုချင်သည့် အအေးဘူးက အေးတာမရှိတာကိုလဲမုန်းသည်။
အလုပ်ရောက်တော့ ခါတိုင်းရပြီး ဒီနေ့မှ လိုချင်တာတွေရှာမရသည့် Google ကိုလဲမုန်းလာသည်။
အပြန် MRT ပေါ်ရောက်တော့ ပါးနှစ်ဖက်ဖေါင်းကားပြီး မျက်စိရှာမရသည့် တရုတ်မက မျက်စောင်းလာထိုးတာကိုလဲ မုန်းသည်။
ကြပ်သိပ်နေအောင် ၀တ်ထားသော ကိုယ်ဝန်သည်မိန်းမကြီး ကိုလဲ မုန်းချင်သည်။
NTUC ကမိန်းမကြီး အအေးတစ်ဘူးကို နှစ်ခါ scan မှားလုပ်တဲ့အတွက် တစ်ဘူးထပ်ယူရတာကိုလဲ မုန်းသည်။
Jollie Bean က မိန်းမကြီးလည်း ၂ ခုဝယ်တာကို ၅ ခုထည့်လိုက်ပြန်သည်။
အိမ်ရောက်တော့ laptop ဖွင့်တာ ၁ ခါနှင့် မရ ၂ ခါဖွင့်ရပြန်သည်။
ဟူး . . . မလွယ်ပါလားနော် . . . .ဒီနေ့တစ်နေ့လုံးဘာတွေဖြစ်နေလဲမသိပါလား . . .

Monday, October 22, 2007

မရတာတော့ မဟုတ်ပါ

အချစ်ကို . . .
တစ်ကြိမ်တစ်ခါပဲ ပေါက်ဖွားရမယ်လို့
ဘယ်သူပြောလဲ . . .
အကြိမ်များစွာ ပေါက်ဖွားနိုင်တယ်
ပမာဏရော ပုံသဏ္ဏန်ပါကွာခြားနိုင်တယ်. . .

လုပ်သင့်တာ . . .

အတိတ်ကိုလဲ မတူးဖေါ်နဲ့
အနာဂတ်ကိုလဲ မချုပ်ကိုင်နဲ့
ပစ္စုပ္ပွန် ကိုပဲ ရင်ဆိုင်လိုက်ပါ . . .

အချစ်ဆိုတာ . . .

ဘ၀ဆိုတာ အိပ်မက်တစ်ခု လိုပဲ
အချစ်ဆိုတာ အိက်မက်ထဲက ဇာတ်ကွက်တစ်ခုပဲ . . .
အိပ်မက်တုန်းသာ ပျော်ရွှင်ကြတာ
နိုးလာရင် ဘာမှကိုမရှိတော့ဘူး . . .

Saturday, October 13, 2007

ဆန္ဓ . . .

မင်းနဲ့ငါနဲ့ မတွေ့ဖြစ်ကြရင်ကောင်းမယ် . . .
ဒါမှမဟုတ် . . . ဒီထက်ပိုပြီးစောစောတွေ့ရင်ကောင်းမယ် . . .

ဆုတောင်း . . .

ကောင်မလေးရေ . . .
ပေးမယ်လို့မရွေးချယ်ရသေးတဲ့
ကိုယ့်နှလုံးသားကို . . .
စေစားစိုးစံခွင့် ရရှိသွားတဲ့မင်း
နင်းချေရက်စက်သူ မဖြစ်ပါစေနဲ့လို့
ကိုယ်ဆုတောင်းနေတယ် . . .

အပြစ် . . .

ကောင်မလေးရေ....
ငါဟာအချစ်တွေကို လျှို့ဝှက်ခဲ့မိလို့
အလွမ်းတွေကို လူမသိသူမသိ ခံစားနေရသူပါ . . .