Wednesday, November 24, 2010

မထင်လိုက်ပါနဲ့

ဒူုးထောက်ပေးမှ ရှုံးနိမ့်တယ်မခေါ်ပါဘူး တခါတလေ ကျောခိုင်းသွားသူတွေ မှာလည်း အရှုံးတွေ တပွေ့တပိုက်နဲ့ပါ... အသက်ပေးမှ ချစ်တယ် မခေါ်ပါဘူး တခါတလေ လှည့်ထွက်သွားသူတွေ မှာလည်း အချစ်စစ်တွေနဲ့ပါ...

Sunday, October 31, 2010

ချစ်တာများရင်

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။
လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။
ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။
နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

(forward mail တစ်ခုမှ)

Thursday, August 12, 2010

ချစ်ခြင်း နှင့် ကြိုက်ခြင်း

ခဏတာ စွဲလမ်းမှုဖြစ်သည်ကို အကြိုက်ဟုခေါ်ပြီး တစ်ဘ၀တာမခွဲတမ်း ရူးမိသည်ကို အချစ်ဟုခေါ်သည် .. အကြိုက်တွင် အပြုံးများသာရှိပြီး အချစ်တွင် နှလုံးသားသာရှိသည်

Wednesday, June 2, 2010

အမှား

တခါတရံမှာ အမှားတွေကို ဖြေရှင်းရတာက နောက်ထပ် အမှားတွေအများကြီး ထပ်မကြုံအောင် သင်ခန်းစာရတယ်…
အမှားတွေနဲ့ ရင်ဆိုင်ရလေလေ အမှန်တရားတွေနဲ့ ပိုနီးစပ်လေလေ...

ပြဿနာ

ပြဿနာတစ်ခုကို အဖြေလိုက်ရှာရင်း အခြား ဖြေရှင်းစရာ နည်းလမ်းတွေ အများကြီး တွေ့တတ်တယ်...
အဲ့ဒီတော့ ပြဿနာဖြစ်တိုင်း ဘာမှအကျိုးမရှိဘူးဆိုတာတော့ မဟုတ်ပါ...

Friday, November 16, 2007

အားလုံးကိုမုန်းတယ်

ဒီနေ့ . . .
ကျွန်တော် မိုးလငးကတည်းက ဒေါသတွေထွက်နေသည်၊
မြင်မြင်သမျှ အကုန်ကိုမုန်းနေသည်။
ဖြစ်ချင်တော့ တစ်နေကုန်ကို တစ်လွဲတွေချည်း ဖြစ်နေသည်၊
ဖိနပ်စီးတာကစပြီး ပြသနာစပြီ။
ဖိနပ်ထဲကို အမှိုက်ဝင်နေသည်။ ပြန်ချွတ်ရပြန်ပြီ။
ထိုအမှိုက်ကို မုန်းသည်။
မုန့်ဝင်စားတော့ ရေးထားတာထက် ပိုက်ဆံပိုယူသည့် ဆိုင်ရှင်ကိုမုန်းသည်။
ရှေ့ စားပွဲက ကုလား ၃ ကောင် အတင်းပြောနေတာကို မုန်းသည်။
အအေးဝယ်သောက်တော့ လိုချင်သည့် အအေးဘူးက အေးတာမရှိတာကိုလဲမုန်းသည်။
အလုပ်ရောက်တော့ ခါတိုင်းရပြီး ဒီနေ့မှ လိုချင်တာတွေရှာမရသည့် Google ကိုလဲမုန်းလာသည်။
အပြန် MRT ပေါ်ရောက်တော့ ပါးနှစ်ဖက်ဖေါင်းကားပြီး မျက်စိရှာမရသည့် တရုတ်မက မျက်စောင်းလာထိုးတာကိုလဲ မုန်းသည်။
ကြပ်သိပ်နေအောင် ၀တ်ထားသော ကိုယ်ဝန်သည်မိန်းမကြီး ကိုလဲ မုန်းချင်သည်။
NTUC ကမိန်းမကြီး အအေးတစ်ဘူးကို နှစ်ခါ scan မှားလုပ်တဲ့အတွက် တစ်ဘူးထပ်ယူရတာကိုလဲ မုန်းသည်။
Jollie Bean က မိန်းမကြီးလည်း ၂ ခုဝယ်တာကို ၅ ခုထည့်လိုက်ပြန်သည်။
အိမ်ရောက်တော့ laptop ဖွင့်တာ ၁ ခါနှင့် မရ ၂ ခါဖွင့်ရပြန်သည်။
ဟူး . . . မလွယ်ပါလားနော် . . . .ဒီနေ့တစ်နေ့လုံးဘာတွေဖြစ်နေလဲမသိပါလား . . .

Monday, October 22, 2007

မရတာတော့ မဟုတ်ပါ

အချစ်ကို . . .
တစ်ကြိမ်တစ်ခါပဲ ပေါက်ဖွားရမယ်လို့
ဘယ်သူပြောလဲ . . .
အကြိမ်များစွာ ပေါက်ဖွားနိုင်တယ်
ပမာဏရော ပုံသဏ္ဏန်ပါကွာခြားနိုင်တယ်. . .